Tuesday, June 23, 2015

Android One says မင်္ဂလာပါ to Myanmar

If you live in Myanmar and use the Internet, chances are you do so with a smartphone. In fact, if you’re chatting with friends, catching up on the news, snapping a selfie, shooting a video, or sharing the latest via social media, you’re probably using a smartphone for all of those things, too. As so many others do around the world, the people of Myanmar love the functionality and freedom that a smartphone provides.

Since they’re such an important part of our lives, the experience of a smartphone matters a lot. Last year, Google launched the Android One program to help put high-quality, up-to-date devices into the hands of as many people as possible. Following the launch in India nine months ago, Android One has expanded to six additional countries: Bangladesh, Nepal, Sri Lanka, Indonesia, the Philippines, and Turkey  and today, we’re excited to add Myanmar to that list, working in partnership with Cherry Mobile. That makes eight.
The Cherry Mobile One, like all Android One phones, combines high-quality hardware that’s been tested by Google with the latest version of Android (Lollipop 5.1.1) and all of the features that come with it. These include Google’s new Material Design interface, up to 2x better performance, a battery-saver feature, smarter notifications, and quick access to data controls. Android One phones will also automatically receive an update to the next version of Android soon after it is released.

Starting June 26, the Cherry Mobile One will be available for purchase through retail stores across Myanmar, with prices starting at Ks109,000.

We hope the arrival of Android One helps put great smartphones into the hands of more people across Myanmar, and we look forward to working with our partners to launch more devices in more countries over the coming months.

Posted by Caesar Sengupta, VP, Product Management


အသင်ဟာ မြန်မာနိုင်ငံမှာနေပြီး အင်တာနက်အသုံးပြုတယ်ဆိုရင် စမတ်ဖုန်း သုံးတာ ဖြစ်ဖို့များပါတယ်။ တစ်နည်းအားဖြင့် သူငယ်ချင်းတွေနဲ့ ချတ်တာ ဖြစ်စေ၊ သတင်းဖတ်တာ ဖြစ်စေ၊ ဆယ်လ်ဖီ ရိုက်တာ ဖြစ်စေ၊ ဗီဒီယိုရိုက်တာ ဖြစ်စေ၊ ဆိုရှယ်မီဒီယာများတွင် အသစ်အဆန်းများ မျှဝေတာ ဖြစ်စေ စမတ်ဖုန်းကို သုံးပြီးလုပ်တာ ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံသားများလည်း ကမ္ဘာ့အဝှမ်းက အခြားသူများကဲ့သို့  စမတ်ဖုန်းတွေရဲ့ လွတ်လပ်မှုနှင့် အသုံးဝင်မှုကို ကြိုက်နှစ်သက်ကြမှာပါ။


စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ဘဝတွေရဲ့ တစ်စိတ်တစ်ပိုင်းမို့လို့ စမတ်ဖုန်းသုံးရတဲ့ အတွေ့အကြုံဟာ အင်မတန် အရေးပါပါတယ်။ မနှစ်ကစ၍ Google အနေဖြင့် လူတကာရဲ့ လက်ထဲကို အရည်အသွေးကောင်းမွန်ပြီး ဆန်းသစ်တဲ့ ဖုန်းတွေကို ထည့်ပေးဖို့  Android One ပရိုဂရမ်ကို စတင်ခဲ့ပါတယ်။ အိန္ဒိယမှာ ပထမဆုံး စတင်ဖြန့်ချိခဲ့ပြီး ကိုးလအကြာတွင် ဘင်္ဂလားဒေရှ့်၊ နီပေါ်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တူရကီ ခြောက်နိုင်ငံတွင် ထပ်မံဖြန့်ချိခဲ့ပါတယ်။ ယနေ့မှာတော့ ကျွန်တော်တို့ ချယ်ရီမိုဘိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး Android One ရရှိနိုင်သော နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံကို ထည့်နိုင်ပြီဖြစ်လို့ အားရမိပါတယ်။


ချယ်ရီမိုဘိုင်းဝမ်းဟာဆိုလျင် အခြားသော Android One ဖုန်းများနည်းတူ Google ကိုယ်တိုင် စမ်းသပ်ထားသော နောက်ဆုံးထွက် Android ဗားရှင်း (Lollipop 5.1.1) ရဲ့ စွမ်းဆောင်ရည် အစုံအလင် ပါဝင်ပြီး အရည်အသွေး ကောင်းမွန်သည့် ဟာဒ့်ဝဲအစိတ်အပိုင်းများ ပါဝင်ပါတယ်။ စွမ်းဆောင်ရည် အသစ်များထဲတွင် Google ရဲ့ Material မြင်ကွင်း ဒီဇိုင်းဆန်း၊ ၂ဆ ပိုကောင်းသော စွမ်းဆောင်ရည်၊ ဖုန်းဘက္ထရီ ပိုမို ချွေတာနိုင်ခြင်း၊ ပိုမို တိကျတဲ့ အသိပေးချက်များ  စသည်တို့ ပါဝင်ပါတယ်။ ထို့ပြင် Android One ဖုန်းတွေဟာ နောင် Android ဗားရှင်းအသစ် ထွက်ရှိလျှင်လည်း ယင်းဗားရှင်းသစ်များကို အလိုလို ရရှိသွားမှာ ဖြစ်ပါတယ်။


ဇွန်လ ၂၆ ရက်နေ့မှစပြီး ချယ်ရီမိုဘိုင်းဝမ်းကို မြန်မာနိုင်ငံ အနှံ့ရှိ ဖုန်းအရောင်းဆိုင်တွေမှာ ကျပ်ငွေ ၁၀၉,၀၀၀ နဲ့ ဝယ်ယူနိုင်ပါပြီ။

Android One ရောက်ရှိလာခြင်းနဲ့အတူ မြန်မာနိုင်ငံအဝှမ်းရှိ လူများရဲ့ လက်ထဲကို ကောင်းမွန်သော စမတ်ဖုန်းများကို ထည့်ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ရှေ့လများမှာလည်း ကျွန်တော်တို့ရဲ့ ပါတနာများနှင့်အတူ အခြားနိုင်ငံများမှာလည်း Android One ဖုန်းများကို ဖြန့်ချိထုတ်ဝေနိုင်ဖို့ ဆက်လက် ကြိုးစားသွားပါမယ်။

6 comments: